LCG အနေဖြင့် မြေယာအုပ်ချုပ်မှုစနစ် တိုးတက်လာရေးအတွက် လူထု၊ အရပ်ဖက်လူမှုအဖွဲ့အစည်းနှင့် အခြားသော ပါဝင်ပတ်သက်ဆက်နွယ်သူများဆီ ရောက်ရှိနိုင်မည့်၊ အကျိုးသက်ရောက်စေမည့် အကြာင်းအရာများ ပိုမိုပြောကြား ပေးနိုင်မည့် အခွင့်အလမ်းကို ဖွင့်ပေးရန်၊ ပိုမိုထိရောက်မှု ရှိလာရန်၊ အစိုးရတွင်းရှိ တိုးတက်လိုစိတ်ရှိသူများနှင့် ချိတ်ဆက်ဆောက်ရွက်လျက်ရှိသည်။
ရည်ရွယ်ချက် ။ LCG ၏ အဆိုပါလုပ်ငန်း လမ်းကြောင်း ရည်ရွယ်ချက်မှာ အစိုးရနှင့် လွှတ်တော်အနေဖြင့် မြေယာ အနည်းငယ်မျှ ပိုင်ဆိုင်သည့် အမျိုးသမီးနှင့် အမျိုးသားများ၊ ဒေသခံဌာနေတိုင်းရင်းသား တစ်ဦးချင်းစီကြားတွင် မြေယာနှင့် ဆက်စပ်နေသည့် သဘာဝအရင်းအမြစ်များကို ထိန်းချုပ်ပိုင်ခွင့်နှင့် ရရှိပိုင်ခွင့်တို့နှင့် ဆက်စပ်ပြီး ပိုမိုညီမျှသည့် မူဝါဒနှင့် ဥပဒေများ ပြဋ္ဌာန်း အကောင်အထည်ဖော်ရန်အတွက် ဖြစ်သည်။
ကျွန်ုပ်တို့၏ ရည်ရွယ်ချက်ကို အောင်မြင်ရန်အတွက် အစိုးရပိုင်းမှ ပုဂ္ဂိုလ်များက ဦးဆောင်ပြီး အကျိုး သက်ရောက်မှု ရှိသည့် လူထုနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် အခြားပါဝင်ပတ်သက်သူများကို ချိတ်ဆက်ကာ အစိုးရနှင့် လွှတ်တော် အတွင်းရှိ တိုးတက်လိုစိတ်ရှိသူများနှင့် အမျိုးမျိုးသော ပါဝင်ပတ်သက်သူများ၏ တွေးခေါ်ကြံစည် ပြောကြား ချက်များကို အထောက်အကူ ပေးခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။